ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး
ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး
ကျောတစ်ခင်းစာနေလို့ ရရင်ငါကျေနပ်တယ်
ငါ့ ဘဝကြီးလှပနေဖို့ မလိုဘူး
နောက်ပြီးငါ့ မှာမာနမရှိဘူး အစွန်းရောက်အတ္တတွေမရှိဘူး
လူတွေကိုမေတ္တာနဲ့ဂရုဏထားတယ်
အဖြုရောင်ခင်မင်မှု့ကိုလိုလားတယ် မဖြစ်နိုင်တာဘာမှ မရှိသလို
ငါ မပိုင်ဆိုင်တာလည်းဘာမှမရှိဘူး
တစ်ခုခုလိုချင်လာရင် ကြိုးစားရမယ်
လုံးလ၊ဝီရီယ၊အကြံကောင်း၊ဥာဏ်ကောင်းတွေရှိရမယ်
ဇွဲကြီးကြီးနဲ့ ကြိုးစားကြည့်ပါ
လိုချင်နေတဲ့ အတိုင်းတာကို မရောက်သေးရင်တောင်
လက်တစ်ကမ်းမှ ကြိုနေပါပြီး
အောင်မြင်မှု့ ပန်းတိုင်ကိုမရောက်သေးခင်
လောကဓံကိုမခံနိုင်ပဲ အားငယ်စိတ်တွေနဲ့ 
ငါ ဒီအလုပ်ကိုဖြစ်ပါမလား လုပ်ရောလုပ်နိုင်ပါမလားလို့ 
ကြောက်ရွံ့ တဲ့ စိတ်တွေမွေးနေလို့ ကတော့ 
သင့်တို့ ဘဝမှာ အောင်မြင်မှု့တွေ လိုချင်တောင်းတမှုတွေ နှောင့်နှေးကုန်မယ်
အချိန်သာကုန်ပြီး အသက်တွေကြီးလာမယ်
ဘာမှရလိုက်မှာ မဟုတ်ဘူး
ကိုယ့် တန်ဖိုးထားတဲ့အချိန်တွေကို မနစ်မွန်းပါစေနဲ့ 
ပေါက်ကရ အလုပ်တွေကို လုပ်ပြီး အချိန်ကုန်နေမည့်အစား
လက်တွေ့ဘဝမှာ တက်နိုင်သလောက် ကူညီပါ
ကိုယ်ကျိုးထက် ကိုယ့်မိဘအတွက် ညီအစ်ကိုမောင်နှမတွေအတွက်
မိတ်ဆွေတွေ သူငယ်ချင်းတွေအတွက် ရဲရဲရင့်ရင့်
တက်နိုင်သလောက်လေး ကူညီပေးကြည့်ပါ
နာမည်ကောင်းရယူချင်လို့  နာမည်ကြီးချင်လို့ 
ကိုယ်ကျိုးအတွက်ကူညီချင် မဟုတ်ဘူးဆိုတာ ကို
ကိုယ်စိတ်ကိုယ်အမြဲတမ်း ရိုက်သွင်းထားပါ
အရာရာတိုင်းမှာ သင့်တင့်တဲ့ အကျိုးခံစားမှု့တွေရှိပါတယ်
ဘယ်ကိစ္စကိုလုပ်လုပ် မလုပ်ခင်ကစဉ်စားပါ တွေးတောပါ
လုပ်ပြီးဆိုရင်လည်း နောက်ကိုလုံးဝလည့်မကြည့်ပါနဲ့ 
ပြီးမြောက်အောင်လုပ်ပါ
ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး
လူဘဝမှာ ရွေးချယ်ခွင့်
ကွက်လပ်လေးတွေ ရှိလာတက်ပါတယ်
မှန်ကန်တိကျတဲ့ အဖြေမျိုးကို ဖြေနိုင်အောင်လေ့လာပါ သင်ယူပါ
စာတွေများများဖတ်ပါ
ကိုယ့်ရဲ့ ဟာကွက်တွေ ပျော့ကွက်တွေ လိုအပ်ချက်တွေ ကို
ပြုပြင်ပေးပါ ရှုံးနိမ့်ချင်ကိုမလိုလားရင် အမြဲတမ်းသတိကြီးစွာနေထိုင်ပါ
တည်တည်တံတံပြောဆိုပါလို့ ပြောရင် ဧဒင်ဥယျာဉ်မှ ညီကိုမောင်နှမများအားလုံး
ကိုယ့်ကိုကိုယ်ယုံယုံကြည်ကြည်နဲ့ 
နေထိုင်ရပ်တည်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်ခင်ဗျာ
No comments:
Post a Comment